ရာသီမလာခင် ရင်သားတွေတင်းပြီးနာတာ သက်သာစေမဲ့နည်းလမ်းများ

ရာသီမလာခင္ ရင္သားေတြတင္းျပီးနာတာ အျမန္သက္သာေစမဲ့နည္းလမ္းမ်ား

ရာသီမလာခင္ မိန္းမအမ်ားစု ခံစားရေလ့ရိွတဲ့ျပႆနာတခုကေတာ့ ရင္သားေတြတင္းျပီးေတာ့ နာက်င္ကိုက္ခဲတာပါပဲ။ေလ့လာမႈေတြအရ ဒီလိုျဖစ္ရတာဟာ အဲဒီအခ်ိန္မွာ ျဖစ္တတ္တဲ့ေဟာ္မုန္းအတက္အက်ေၾကာင့္လို႔ ဆိုပါတယ္။ရင္သားေတြတင္းျပီးနာက်င္တာကို သက္သာေအာင္လုပ္နိုင္တဲ့နည္းလမ္းတခ်ိဳ႕ရိွေပမဲ့ ေတာ္ေတာ္နဲ႔မေပ်ာက္ခဲ့ရင္ ပိုျပီးနာက်င္လာတယ္ဆိုရင္ေတာ့ ေဆးရံုေဆးခန္းျပတာ ေကာင္းပါတယ္။

ရာသီမလာခင္ရင္သားနာရတဲ့အဓိကအေၾကာင္းအရင္းကိုေျပာပါဆို ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္လို႔ ေျပာရပါမယ္။ရာသီမလာခင္မွာ Estrogen နဲ႔ Progesterone ေဟာ္မုန္းေတြ နဲပါးသြားတတ္ပါတယ္။အဲ့အခ်ိန္မွာ ရင္သားနာတာစပါတယ္။တေယာက္နဲ႔တေယာက္ နာပံုနာနည္းေတြေတာ့ မတူညီၾကပါဘူး။တခ်ိဳ႕က စူးခနဲစူးခနဲနာျပီး တခ်ိဳ႕က ဆြဲညွစ္ထားသလို ခပ္ေအာင့္ေအာင့္နာပါတယ္။ရင္သားတဖက္ထဲနာတာရိွသလို နွစ္ဖက္လံုးနာတာလဲ ရိွနိုင္ပါတယ္။ခ်ိဳင္းၾကားေတြ လက္ေမာင္းေအာက္ေတြမွာလည္း နာတတ္ပါတယ္။ရင္သားဟာနဂိုထက္ၾကီးလာသလိုလိုရိွျပီး တင္းေနတတ္ပါတယ္။နို႔သီးေခါင္းနားမွာ ပိုနာတယ္လို႔လည္း ဆိုပါတယ္။တခ်ိဳ႕ၾကတခ်ိန္လံုးလိုလို နာေနတတ္ျပီး တခ်ိဳ႕မွာေတာ့ နာလ္ုက္ေပ်ာက္လိုက္ပါပဲ။

ရင္သားကိုက္ခဲနာက်င္တာေတြသက္သာဖို႔ဆို ေဆးဆိုင္ေတြမွာဝယ္လို႔လြယ္တဲ့ Ibuprofen လို အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္နိုင္ပါတယ္။တခါတေလက် ဆရာဝန္က ေဟာ္မုန္းပမာဏထိန္းညိွဖို႔ သေႏၶတားေဆးတခ်ိဳ႕ကို ရက္အနည္းငယ္ေသာက္ခိုင္းနိုင္ပါတယ္။

သက္သာေအာင္လုပ္နိုင္မဲ့နည္းလမ္းေတြကေတာ့

– ပိုျပီးသက္ေတာင့္သက္သာေခ်ာင္ေခ်ာင္ခ်ိခ်ိျဖစ္ေစမဲ့ ဘရာစီယာ ေဘာ္လီအစရိွတာေတြ ဝတ္ပါ။
-ေကာ္ဖီ လက္ဘက္ရည္ အားျဖည့္အခ်ိဳရည္အစရိွတဲ့ ကဖင္းဓာတ္ပါတဲ့အစားအေသာက္ေတြ ေရွာင္ပါ။
-အငံေလ်ာ့စားပါ။
-ေရခဲကပ္တာ ဒါမွမဟုတ္ ေရေႏြးအိတ္ကပ္တာမ်ိဳးတခုခုလုပ္ေပးပါ။
-Vit E နဲ႔ Vit B6 တို႔ဟာ ရင္သားနာက်င္တာကို သက္သာေစနိုင္ပါတယ္။
-ေလ့က်င့္ခန္းအေပါ့စားေလးေတြလုပ္နိုင္ေပမဲ့ ျပင္းျပင္းထန္ထန္လႈပ္ရွားမႈမ်ိဳးေတြကိုေတာ့ ေရွာင္ၾကဥ္ရပါမယ္။

မ်ားေသာအားျဖင့္ ရာသီမလာခင္ ရင္သားေတြတင္းျပီးနာက်င္တာဟာ ျဖစ္ရိုးျဖစ္စဥ္တခုသာျဖစ္ေပမဲ့ အၾကာၾကီးနာက်င္ေနတာ ပိုဆိုးလာတာဆိုရင္ေတာ့ ေဆးရံုေဆးခန္းျပဖို႔အေရးၾကီးေၾကာင္း သတိေပးလိုက္ရပါတယ္။

Dr.KG

Unicode Version

ရာသီမလာခင် ရင်သားတွေတင်းပြီးနာတာ သက်သာစေမဲ့နည်းလမ်းများ

ရာသီမလာခင် မိန်းမအများစု ခံစားရလေ့ရှိတဲ့ပြဿနာတခုကတော့ ရင်သားတွေတင်းပြီးတော့ နာကျင်ကိုက်ခဲတာပါပဲ။လေ့လာမှုတွေအရ ဒီလိုဖြစ်ရတာဟာ အဲဒီအချိန်မှာ ဖြစ်တတ်တဲ့ဟော်မုန်းအတက်အကျကြောင့်လို့ ဆိုပါတယ်။ရင်သားတွေတင်းပြီးနာကျင်တာကို သက်သာအောင်လုပ်နိုင်တဲ့နည်းလမ်းတချို့ရှိပေမဲ့ တော်တော်နဲ့မပျောက်ခဲ့ရင် ပိုပြီးနာကျင်လာတယ်ဆိုရင်တော့ ဆေးရုံဆေးခန်းပြတာ ကောင်းပါတယ်။

ရာသီမလာခင်ရင်သားနာရတဲ့အဓိကအကြောင်းအရင်းကိုပြောပါဆို ဟော်မုန်းအပြောင်းအလဲကြောင့်လို့ ပြောရပါမယ်။ရာသီမလာခင်မှာ Estrogen နဲ့ Progesterone ဟော်မုန်းတွေ နဲပါးသွားတတ်ပါတယ်။အဲ့အချိန်မှာ ရင်သားနာတာစပါတယ်။တယောက်နဲ့တယောက် နာပုံနာနည်းတွေတော့ မတူညီကြပါဘူး။တချို့က စူးခနဲစူးခနဲနာပြီး တချို့က ဆွဲညှစ်ထားသလို ခပ်အောင့်အောင့်နာပါတယ်။ရင်သားတဖက်ထဲနာတာရှိသလို နှစ်ဖက်လုံးနာတာလဲ ရှိနိုင်ပါတယ်။ချိုင်းကြားတွေ လက်မောင်းအောက်တွေမှာလည်း နာတတ်ပါတယ်။ရင်သားဟာနဂိုထက်ကြီးလာသလိုလိုရှိပြီး တင်းနေတတ်ပါတယ်။နို့သီးခေါင်းနားမှာ ပိုနာတယ်လို့လည်း ဆိုပါတယ်။တချို့ကြတချိန်လုံးလိုလို နာနေတတ်ပြီး တချို့မှာတော့ နာလ်ုက်ပျောက်လိုက်ပါပဲ။

ရင်သားကိုက်ခဲနာကျင်တာတွေသက်သာဖို့ဆို ဆေးဆိုင်တွေမှာဝယ်လို့လွယ်တဲ့ Ibuprofen လို အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။တခါတလေကျ ဆရာဝန်က ဟော်မုန်းပမာဏထိန်းညှိဖို့ သန္ဓေတားဆေးတချို့ကို ရက်အနည်းငယ်သောက်ခိုင်းနိုင်ပါတယ်။

သက်သာအောင်လုပ်နိုင်မဲ့နည်းလမ်းတွေကတော့

– ပိုပြီးသက်တောင့်သက်သာချောင်ချောင်ချိချိဖြစ်စေမဲ့ ဘရာစီယာ ဘော်လီအစရှိတာတွေ ဝတ်ပါ။
-ကော်ဖီ လက်ဘက်ရည် အားဖြည့်အချိုရည်အစရှိတဲ့ ကဖင်းဓာတ်ပါတဲ့အစားအသောက်တွေ ရှောင်ပါ။
-အငံလျော့စားပါ။
-ရေခဲကပ်တာ ဒါမှမဟုတ် ရေနွေးအိတ်ကပ်တာမျိုးတခုခုလုပ်ပေးပါ။
-Vit E နဲ့ Vit B6 တို့ဟာ ရင်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်။
-လေ့ကျင့်ခန်းအပေါ့စားလေးတွေလုပ်နိုင်ပေမဲ့ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုမျိုးတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။

များသောအားဖြင့် ရာသီမလာခင် ရင်သားတွေတင်းပြီးနာကျင်တာဟာ ဖြစ်ရိုးဖြစ်စဉ်တခုသာဖြစ်ပေမဲ့ အကြာကြီးနာကျင်နေတာ ပိုဆိုးလာတာဆိုရင်တော့ ဆေးရုံဆေးခန်းပြဖို့အရေးကြီးကြောင်း သတိပေးလိုက်ရပါတယ်။

Dr.KG