ေရာဂါပိုးမႊားေတြေၾကာင့္ ကူးစက္အျဖစ္ပါလာတဲ့ အသည္းေရာင္ေရာဂါဟာ ဘယ္ဗိုင္းရပ္စ္ပိုးကို အျပစ္တင္ႏိုင္ဖို႔ အကၡရာေတြနဲ႔ သတ္မွတ္ထားတယ္။ အားလုံးဟာ ကူးစက္ေစတတ္ၿပီး ပင္ပန္းႏြမ္းနယ္တာ ပ်ိဳ႕ခ်င္အန္ခ်င္တာ၊ အဖ်ားရွိတာ၊ ဝမ္းဗိုက္နာတာ၊ (သို႔) အသားအေရနဲ႔ မ်က္လုံးေတြ အဝါေရာင္ျဖစ္လာတတ္တယ္။ အခ်ိဳ႕နာတာရွည္ေရာဂါေတြဟာ အသည္းမွာ အၿမဲအမာ႐ြတ္ျဖစ္တာ၊ အသည္းကင္ဆာျဖစ္တာ (သို႔) အသည္းအစားထိုး ကုရတာမ်ိဳးနဲ႔ ႀကဳံရတတ္တယ္။
ကံေကာင္းခ်င္ေတာ့ အသည္းေရာင္ေရာဂါျဖစ္လာဖို႔ အေျခအေနကေတာ့ သိပ္မမ်ားလွဘူး။ အသည္းေရာင္ေရာဂါ A (အဓိက အစားအစာ (သို႔) မစင္ေၾကာင့္ မသန႔္တဲ့ေရ)တို႔ကတစ္ဆင့္ ျပန႔္ပြားၿပီး အေသးအဖြဲ႕ေလာက္သာ ေပၚေပါက္ျပန႔္ပြားတတ္တယ္။ အသည္းေရာင္ေရာဂါ D (အသည္းေရာင္ေရာဂါ B ေၾကာင့္ ထပ္တိုးလာတဲ့ေရာဂါသစ္) နဲ႔ အသည္းေရာင္ေရာဂါ E (အမ်ားအားျဖင့္ ညစ္ညမ္းတဲ့ေရေၾကာင့္ ျပန႔္ပြားတာ) တို႔ဟာ ဖြံ႕ၿဖိဳးတဲ့ႏိုင္ငံေတြမွာ သိပ္ေတြ႕ေလ့ေတြ႕ထမရွိတတ္ဘူး။ ေနာက္ဆုံးမွာေတာ့ အသည္းေရာင္ေရာဂါရဲ႕ ဝန္ထုပ္ဝန္ပိုးဟာ B နဲ႔ C တို႔မွေရာက္လာၾကတယ္။ နယူးဇီလန္ႏိုင္ငံမွာဆိုရင္ အသည္းေရာင္ေရာဂါ B ရွိတဲ့သူေတြဟာ (၁၀၀၀၀၀)ခန႔္ရွိၿပီး အသည္းေရာင္ေရာဂါ C နဲ႔ ေနေနၾကသူေတြဟာ (၅၀၀၀၀) ထက္မနည္း ရွိၾကတယ္။
အသည္းေရာင္ေရာဂါ B ကို ေသြး၊ သုတ္နဲ႔ သားအိမ္လမ္းေၾကာင္းရွိ အရည္တို႔မွာ ေတြ႕ရတတ္ၿပီး အေဖာ္မ်ားစြာနဲ႔ အကာအကြယ္မယူဘဲ လိင္ဆက္ဆံတာ၊ မူးယစ္ေဆးဝါးေတြထိုးတာ၊ ေရာဂါကူးစက္ထားသူေတြသုံးတဲ့ သြားပြတ္တံ၊ မုတ္ဆိတ္ရိပ္ခ်ဳပ္(သို႔) လက္သည္းညႇပ္တို႔ကို သုံးခဲ့ရင္ေတာ့ သင့္အေနနဲ႔ အႏၲရာယ္ဟာ ပ်မ္းမွ်ျခင္းအထက္မွာ ရွိတယ္။
လူႀကီးအ႐ြယ္မွာ အသည္းေရာင္ေရာဂါ B ျဖစ္လာခဲ့ရင္၊ ေဆးကုသမႈမခံယူဘဲ သင့္ရဲ႕ကိုယ္ခံအားစနစ္က အကာအကြယ္ ၉၅ ရာခိုင္ႏႈန္းေပးႏိုင္တယ္။ ဒါေပမယ့္ ကေလးေတြမွာ အမ်ားအားျဖင့္ ေမြးၿပီးစအခ်ိန္မွာ ကူးစက္တတ္တယ္။ ျဖစ္ရင္ေတာ့ တစ္သက္တာ လုံးပါးသြားႏိုင္တယ္။ ဒီလိုေရာဂါမ်ိဳးကေတာ့ ရႈပ္ေထြးလာတဲ့ အခါက်မွ ေရာဂါနိမိတ္ကျပတတ္တယ္။ ဒါေၾကာင့္လည္း ကေလးေတြနဲ႔ ငယ္စဥ္ကမထိုးျဖစ္ဘဲ အသက္ႀကီးသူေတြအတြက္ ကာကြယ္ေဆးထိုးၾကဖို႔ အမ်ိဳးသားက်န္းမာေရး အာဏာပိုင္တို႔က အႀကံျပဳၾကတယ္။
ဒီအခ်ိန္အတြင္းမွာ၊ အသည္းေရာင္ေရာဂါ C ဟာ အဓိက ေသြးကတစ္ဆင့္ျပန႔္ပြားတယ္။ အေၾကာအတြင္းေဆးဝါးထိုးသြင္းခဲ့ဖူးရင္၊ တစ္ကိုယ္ေရသုံး က်န္းမာေရးပစၥည္းေတြ ေဝမွ်သုံးခဲ့ရင္ (သို႔) ၁၉၉၀ ခုႏွစ္ေတြ မတိုင္မီစစ္ေဆးမႈနည္းပညာေတြ မရေသးခင္ ေသြးသြင္းတာမ်ိဳး လုပ္ခဲ့ရင္၊ သင့္ရဲ႕ေရာဂါျဖစ္ႏိုင္ေျခဟာ ျမင့္မားလိမ့္မယ္။ အသည္းေရာင္ေရာဂါ C အတြက္ ကာကြယ္ေဆး မရွိေသးတာေၾကာင့္ သင့္အသည္း ပ်က္စီးခ်ိန္မေရာက္ခင္ ေရာဂါနိမိတ္ေတြ မျပတတ္ဘူး။ ဒီေရာဂါျဖစ္ရင္ ေဆးကုသျခင္းမျပဳဘဲ ျပန္ေကာင္းမြန္လာဖို႔ကေတာ့ ေလးေယာက္မွာ တစ္ေယာက္သာရွိေပမယ့္ ေဆးအသစ္ေတြ ရွိလာတာေၾကာင့္ ကုစားႏိုင္တဲ့ႏႈန္း (၉၀-၉၇) ရာခိုင္ႏႈန္းေပ်ာက္ႏိုင္ဖို႔ လမ္းရွိတယ္လို႔ အသည္းကြၽမ္းက်င္သူ ဆရာဝန္တစ္ဦးကေျပာတယ္။
၂၀၃၀ ခုႏွစ္မတိုင္မီ အသည္းေရာဂါ B နဲ႔ C တို႔ကို ျပည္သူ႔က်န္းမာေရးကို ၿခိမ္းေျခာက္တဲ့ေရာဂါေတြထဲမွ ပေပ်ာက္သြားဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕က ရည္မွန္းထားတယ္။ ကာကြယ္ေဆးေတြ ကုသမႈေတြနဲ႔ အႏၲရာယ္အသိရွိမႈေတြရဲ႕ အေထာက္အကူေတြနဲ႔ဆိုရင္ ဒါဟာ ယထာဘူတက်တဲ့ ရည္မွန္းခ်က္ပဲျဖစ္တယ္။
Author: ေမာင္ခ်မ္းသာ, Healthcare Journal, Vol 8,no 47 (8.12.17) Pg 9
Unicode
ရောဂါပိုးမွှားတွေကြောင့် ကူးစက်အဖြစ်ပါလာတဲ့ အသည်းရောင်ရောဂါဟာ ဘယ်ဗိုင်းရပ်စ်ပိုးကို အပြစ်တင်နိုင်ဖို့ အက္ခရာတွေနဲ့ သတ်မှတ်ထားတယ်။ အားလုံးဟာ ကူးစက်စေတတ်ပြီး ပင်ပန်းနွမ်းနယ်တာ ပျို့ချင်အန်ချင်တာ၊ အဖျားရှိတာ၊ ဝမ်းဗိုက်နာတာ၊ (သို့) အသားအရေနဲ့ မျက်လုံးတွေ အဝါရောင်ဖြစ်လာတတ်တယ်။ အချို့နာတာရှည်ရောဂါတွေဟာ အသည်းမှာ အမြဲအမာရွတ်ဖြစ်တာ၊ အသည်းကင်ဆာဖြစ်တာ (သို့) အသည်းအစားထိုး ကုရတာမျိုးနဲ့ ကြုံရတတ်တယ်။
ကံကောင်းချင်တော့ အသည်းရောင်ရောဂါဖြစ်လာဖို့ အခြေအနေကတော့ သိပ်မများလှဘူး။ အသည်းရောင်ရောဂါ A (အဓိက အစားအစာ (သို့) မစင်ကြောင့် မသန့်တဲ့ရေ)တို့ကတစ်ဆင့် ပြန့်ပွားပြီး အသေးအဖွဲ့လောက်သာ ပေါ်ပေါက်ပြန့်ပွားတတ်တယ်။ အသည်းရောင်ရောဂါ D (အသည်းရောင်ရောဂါ B ကြောင့် ထပ်တိုးလာတဲ့ရောဂါသစ်) နဲ့ အသည်းရောင်ရောဂါ E (အများအားဖြင့် ညစ်ညမ်းတဲ့ရေကြောင့် ပြန့်ပွားတာ) တို့ဟာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ သိပ်တွေ့လေ့တွေ့ထမရှိတတ်ဘူး။ နောက်ဆုံးမှာတော့ အသည်းရောင်ရောဂါရဲ့ ဝန်ထုပ်ဝန်ပိုးဟာ B နဲ့ C တို့မှရောက်လာကြတယ်။ နယူးဇီလန်နိုင်ငံမှာဆိုရင် အသည်းရောင်ရောဂါ B ရှိတဲ့သူတွေဟာ (၁၀၀၀၀၀)ခန့်ရှိပြီး အသည်းရောင်ရောဂါ C နဲ့ နေနေကြသူတွေဟာ (၅၀၀၀၀) ထက်မနည်း ရှိကြတယ်။
အသည်းရောင်ရောဂါ B ကို သွေး၊ သုတ်နဲ့ သားအိမ်လမ်းကြောင်းရှိ အရည်တို့မှာ တွေ့ရတတ်ပြီး အဖော်များစွာနဲ့ အကာအကွယ်မယူဘဲ လိင်ဆက်ဆံတာ၊ မူးယစ်ဆေးဝါးတွေထိုးတာ၊ ရောဂါကူးစက်ထားသူတွေသုံးတဲ့ သွားပွတ်တံ၊ မုတ်ဆိတ်ရိပ်ချုပ်(သို့) လက်သည်းညှပ်တို့ကို သုံးခဲ့ရင်တော့ သင့်အနေနဲ့ အန္တရာယ်ဟာ ပျမ်းမျှခြင်းအထက်မှာ ရှိတယ်။
လူကြီးအရွယ်မှာ အသည်းရောင်ရောဂါ B ဖြစ်လာခဲ့ရင်၊ ဆေးကုသမှုမခံယူဘဲ သင့်ရဲ့ကိုယ်ခံအားစနစ်က အကာအကွယ် ၉၅ ရာခိုင်နှုန်းပေးနိုင်တယ်။ ဒါပေမယ့် ကလေးတွေမှာ အများအားဖြင့် မွေးပြီးစအချိန်မှာ ကူးစက်တတ်တယ်။ ဖြစ်ရင်တော့ တစ်သက်တာ လုံးပါးသွားနိုင်တယ်။ ဒီလိုရောဂါမျိုးကတော့ ရှုပ်ထွေးလာတဲ့ အခါကျမှ ရောဂါနိမိတ်ကပြတတ်တယ်။ ဒါကြောင့်လည်း ကလေးတွေနဲ့ ငယ်စဉ်ကမထိုးဖြစ်ဘဲ အသက်ကြီးသူတွေအတွက် ကာကွယ်ဆေးထိုးကြဖို့ အမျိုးသားကျန်းမာရေး အာဏာပိုင်တို့က အကြံပြုကြတယ်။
ဒီအချိန်အတွင်းမှာ၊ အသည်းရောင်ရောဂါ C ဟာ အဓိက သွေးကတစ်ဆင့်ပြန့်ပွားတယ်။ အကြောအတွင်းဆေးဝါးထိုးသွင်းခဲ့ဖူးရင်၊ တစ်ကိုယ်ရေသုံး ကျန်းမာရေးပစ္စည်းတွေ ဝေမျှသုံးခဲ့ရင် (သို့) ၁၉၉၀ ခုနှစ်တွေ မတိုင်မီစစ်ဆေးမှုနည်းပညာတွေ မရသေးခင် သွေးသွင်းတာမျိုး လုပ်ခဲ့ရင်၊ သင့်ရဲ့ရောဂါဖြစ်နိုင်ခြေဟာ မြင့်မားလိမ့်မယ်။ အသည်းရောင်ရောဂါ C အတွက် ကာကွယ်ဆေး မရှိသေးတာကြောင့် သင့်အသည်း ပျက်စီးချိန်မရောက်ခင် ရောဂါနိမိတ်တွေ မပြတတ်ဘူး။ ဒီရောဂါဖြစ်ရင် ဆေးကုသခြင်းမပြုဘဲ ပြန်ကောင်းမွန်လာဖို့ကတော့ လေးယောက်မှာ တစ်ယောက်သာရှိပေမယ့် ဆေးအသစ်တွေ ရှိလာတာကြောင့် ကုစားနိုင်တဲ့နှုန်း (၉၀-၉၇) ရာခိုင်နှုန်းပျောက်နိုင်ဖို့ လမ်းရှိတယ်လို့ အသည်းကျွမ်းကျင်သူ ဆရာဝန်တစ်ဦးကပြောတယ်။
၂၀၃၀ ခုနှစ်မတိုင်မီ အသည်းရောဂါ B နဲ့ C တို့ကို ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်တဲ့ရောဂါတွေထဲမှ ပပျောက်သွားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရည်မှန်းထားတယ်။ ကာကွယ်ဆေးတွေ ကုသမှုတွေနဲ့ အန္တရာယ်အသိရှိမှုတွေရဲ့ အထောက်အကူတွေနဲ့ဆိုရင် ဒါဟာ ယထာဘူတကျတဲ့ ရည်မှန်းချက်ပဲဖြစ်တယ်။
Author: မောင်ချမ်းသာ, Healthcare Journal, Vol 8,no 47 (8.12.17) Pg 9