ဒေါင်း (ရောဂါလက္ခဏာစု)

249

ဒေါင်းရောဂါလက္ခဏာစုသည် အသက် ၃၅ နှစ်နောက်ပိုင်း မိခင်များတွင် အဖြစ်များပါသည်။ ကလေး ၆၆၀ ဦးမွေးတိုင်း တစ်ဦးတွင် ရောဂါပါပါလာတတ်ပါသည်။ ကလေးများတွင် မွေးကင်းစကတည်းက ထူးခြားသော လက္ခဏာများ ဖြစ်ပေါ်တတ်ပါသည်။ ကလေးငယ်များသည် ဟာသဉဏ်ရှိပြီး အမြဲတမ်း ပျော်ရွှင်နေတတ်ပါသည်။ သို့ရာတွင် ဦးနှောက် ဖွံ့ဖြိုးမှုသည် နှေးကွေးနေတတ်ပါသည်။

ဒေါင်းရောဂါလက္ခဏာ အများစုဆိုသည်မှာ

ကလေးငယ်တွင် ပုံမှန်ခရိုမိုဇုန်းသည် ၄၆ ခုရှိရမည့်အစား ၄၇ ခုပါဝင်ခြင်းကြောင့် ခေါင်းရောဂါလက္ခဏာစု ဖြစ်ပေါ်လာပါတယ်။ တစ်နည်းအားဖြင့် ကလေးငယ်၏ ခရိုမုန်းဇုန်း ပုံမှန်မဟုတ်သော ရောဂါဖြစ်ပြီး မွန်ဂိုဟူ၍လည်း ခေါ်ဆိုပါသည်။ ရောဂါသည် မပျောက်ဘဲ တစ်သက်လုံးဖြစ်တတ်ပါသည်။

ရောဂါလက္ခဏာများ

ဒေါင်းရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများမှာ မျက်နှာပြားနေပြီး မျက်လုံးနှစ်လုံး ဝေးနေတတ်ပြီး နှာခေါင်းပြားနေခြင်း၊ ဦးခေါင်းနောက်ပိုင်းနှင့် လည်ပင်းပြားနေခြင်း၊ ကလေးငယ်သည် ပျော့ခွေနေခြင်း၊ လက်သန်းသည်တိုနေပြီး လက္ခဏာသည် တစ်ကြောင်းတည်းပေါ်နေတတ်ခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးခြင်းနှင့်် ကာယဖွံ့ဖြိုးမှုနှေးကွေးခြင်းများ ဖြစ်ပါသည်။

ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးခြင်း

ကိုယ်ဝန်အစောပိုင်းတွင် ရေမွှာရည်ကို စမ်းသပ်ပြီးရောဂါ ရှိ၊ မရှိ သိနိုင်ပါသည်။ ရောဂါရှိမှန်း မွေးကင်းစကတည်းက သိနိုင်ပါတယ်။

ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး

ဒေါင်းရောဂါလက္ခဏာစုဖြစ်သော ကလေးအများစုတွင် နှလုံးချို့ယွင်းတတ်ပါသည်။ အခြားကိုယ်တွင်းအင်္ဂါများလည်း ချို့ယွင်းတတ်ပါသည်။ ကုသ၍ မရခြင်းကြောင့် အသက်တိုတတ်ပါသည်။ ရောဂါရှိသူကလေးတစ်ဝက်ကျော်သည် ငါးနှစ်ပတ်ဝန်းကျင်တွင်း အခြားအင်္ဂါချို့ယွင်းခြင်းကြောင့် သေဆုံးနိုင်ပါသည်။

ရောဂါအခြေအနေ

ဒေါင်းရောဂါလက္ခဏာရှိသော မိန်းကလေးများတွင် ဓမ္မတာလာပြီး ကလေးရနိုင်ပါသည်။ ယောကျာၤးကလေးများတွင် လူပျိုပေါက်အရွယ်ထိ အသက်ရှင်ပါကလည်း မြုံတတ်ပါသည်။ ပျမ်းမျှသက်တမ်းအားဖြင့် ၂၂ နှစ်ခန့်ရှိပါသသည်။

ရောဂါကို ကုသခြင်း

ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း ကလေးငယ်ပြုစုနည်းများကို အပြည့်အ၀ လိုက်နာရပါမည်။ ကလေးငယ်အား တစ်ဦးတည်းပစ်မထားဘဲ အနီးကပ်ပြုစုရပါမည်။ အန္တရာယ်ရှိနိုင်သော ကိစ္စများကို ဖယ်ရှားထားရပါမည်။ ကလေးအား ပျော်ရွှင်စေရန် အထောက်အကူပြုပါက အသက်ပိုမို ရှည်နိုင်ပါသည်။

ရောဂါကာကွယ်ခြင်း

ဒေါင်းရောဂါ လက္ခဏာစု မဖြစ်ပွားစေရန် နည်းလမ်းမရှိပါ။ သို့ရာတွင် ယခင်က ဒေါင်းရောဂါကလေးမွေးဖွားဖူးသော အသက်ကြီးသည့် မိခင်များကို ရေမွှာရည် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီး ဗိုက်ထဲမှ ကလေးတွင် ရောဂါရှိနေပါက ကိုယ်ဝန်ကို အဆုံးသတ်ပေး၍ ရပါသည်။

Author – ဒေါက်တာမင်းသူရိန် (Healthcare)

READ :   ကလေးများစာမေးပွဲနှင့် စိတ်ဖိစီးမှု

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ