(Zawgyi)
ေသြးဆိုတာ အရည္တစ္ခုပါပဲ။ အရည္ဆိုတာ စီးေနရပါတယ္။ ေသြးဆိုတာလည္း စီးေနဖို႔လိုပါတယ္။ ေသြးပ်စ္ လာတာနဲ႔အမွ် ေကာင္းေကာင္း မစီးႏိုင္ေတာ့ပါဘူး။ ေသြးပ်စ္တာမ်ိဳးျဖစ္လာရင္ မစီးႏိုင္တာတင္မကဘဲ ေသြးခဲ ေတြျဖစ္ၿပီး ေသြးေၾကာပိတ္တာေတြ ျဖစ္လာႏိုင္ပါတယ္။
ေသြးထဲမွာ ေသြးနီဥ၊ ေသြးျဖဴဥ၊ ေသြးဥမႊားနဲ႔ ေသြးရည္ၾကည္ဆိုၿပီး ရွိပါတယ္။ ေသြးနီဥျဖစ္ျဖစ္၊ ေသြးျဖဴဥျဖစ္ ျဖစ္၊ ေသြးဥမႊားပဲျဖစ္ျဖစ္၊ ေသြးရည္ၾကည္ထဲက ပါဝင္ပစၥည္းေတြပဲျဖစ္ျဖစ္ ပုံမွန္ရွိသင့္တာထက္ ပိုမ်ားလာတာနဲ႔ ေသြးပ်စ္တာျဖစ္လာႏိုင္ပါတယ္။
ေသြးပ်စ္တာက ေရာဂါေတြအမ်ားႀကီး ရွိပါတယ္။ မ်ိဳး႐ိုးလိုက္တဲ့ ေရာဂါလည္းရွိတယ္။ အလိုလိုျဖစ္လာတာ လည္းရွိတယ္။ ကင္ဆာေရာဂါေတြလည္းရွိတယ္။ တျခားအေနနဲ႔ ေသြးတိုးေရာဂါ၊ နာတာရွည္ အဆုတ္ေရာဂါ မ်ား၊ ေမြးရာပါ ႏွလုံးေရာဂါတစ္မ်ိဳး၊ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္းေတြေၾကာင့္လည္း ျဖစ္တတ္ပါ တယ္။ တခ်ိဳ႕ေဆးေတြ ၾကာရွည္သုံးရတဲ့အခါလည္း ျဖစ္တတ္ပါတယ္။ ဥပမာအားျဖင့္-ပဋိသေႏၶတားေဆးမ်ား၊ ဆီးေဆးမ်ား၊ ကင္ဆာေဆးမ်ား သြင္းျခင္း၊ ေသြးနီဥမ်ားေစရန္ Erythropoietin ထိုးေနရျခင္း၊ ေဆးသြင္းၿပီး ဓာတ္မွန္႐ိုက္ျခင္းေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။
ေသြးပ်စ္ျခင္းက ေသြးလႊတ္ေၾကာ၊ ေသြးျပန္ေၾကာ၊ ဆံခ်ည္မွ်င္ေသြးေၾကာ စသျဖင့္ ေသြးေၾကာတိုင္းမွာ ျဖစ္ ႏိုင္ပါတယ္။ တခ်ိဳ႕ကဘာေရာဂါ လကၡဏာမွ မခံစားရဘဲ ေသြးစစ္ရင္းေတြ႕တာလည္း ျဖစ္ႏိုင္ပါတယ္။ တခ်ိဳ႕က တစ္ခုခုခံစားရလို႔ ေသြးစစ္မွသိတာလည္း ျဖစ္တတ္ပါတယ္။ ေသြးပ်စ္ျခင္းေၾကာင့္ ေခါင္းမူးျခင္း၊ ေခါင္းကိုက္ ျခင္း၊ တက္ျခင္း၊ သတိလစ္ျခင္း၊ နားအူျခင္း၊ ထုံက်င္ျခင္း၊ လႈပ္ရွားမႈအားနည္းလာျခင္း၊ အျမင္အာ႐ုံတျဖည္း ျဖည္းက်လာျခင္း၊ ႐ုတ္တရက္မျမင္ရေတာ့ျခင္း၊ ရင္ဘတ္ေအာင့္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ေျခထိပ္လက္ထိပ္မ်ား နာက်င္ျခင္း၊ ေျခေထာက္ေသြးေၾကာပိတ္ျခင္း၊ ေရေႏြးခ်ိဳးၿပီးတဲ့အခါ အသားယားလာျခင္းမ်ား ျဖစ္တတ္ပါတယ္။
ေသြးပ်စ္ေနတုန္းမွာေတာ့ ေရာဂါလကၡဏာေတြက ျဖည္းျဖည္းခ်င္းခံစားေနရတာ ရွိႏိုင္ေပမယ့္ ေသြးေၾကာပိတ္ တဲ့အခါမွာေတာ့ ပိတ္တဲ့ေသြးေၾကာအလိုက္ ခ်က္ခ်င္းအသက္အႏၲရာယ္ ထိခိုက္ေစတာလည္း ျဖစ္ႏိုင္ပါတယ္။
ဒါေၾကာင့္လည္း ျဖစ္တဲ့အေၾကာင္းေပၚမူတည္ၿပီး ခ်က္ခ်င္းကုသဖို႔ လိုအပ္ပါတယ္။ လိုအပ္လာရင္ မ်ားေနတဲ့ ေသြးဆဲလ္ေတြကို ထုတ္ေပးရတတ္ပါတယ္။ ေသြးက်ဲေဆးေသာက္ဖို႔လည္း လိုႏိုင္ပါတယ္။ ေသြးေၾကာပိတ္ျခင္း မွကာကြယ္ဖို႔ တျခားေဆးမ်ားလည္း လိုအပ္သလို ေသာက္ရတတ္ပါတယ္။
ေသြးပ်စ္တာက ေရာဂါအခံတစ္ခုခုေၾကာင့္ ဆိုရင္ျဖစ္ေနတဲ့ ေရာဂါကိုပါ ကုသဖို႔လိုပါတယ္။ အၿပီးေပ်ာက္တယ္၊ မေပ်ာက္ဘူးဆိုတာက ဘာေၾကာင့္ေသြးပ်စ္လာတာလဲကို ျပန္ၾကည့္ရပါတယ္။ ရလဒ္က အမ်ိဳးမ်ိဳးပါ။ တခ်ိဳ႕ေတြ လည္းႏွစ္ေပါင္းမ်ားစြာ က်န္းက်န္းမာမာေနႏိုင္ပါတယ္။ တခ်ိဳ႕လည္း အသက္ဆုံးရႈံးႏိုင္ပါတယ္။ ဒါေၾကာင့္ ေဆးေသာက္ေန႐ုံတင္မကဘဲ သုံးလတစ္ခါေလာက္ ေသြးစစ္ၿပီး သက္ဆိုင္ရာ ဆရာဝန္မ်ားနဲ႔လည္း တိုင္ပင္ သင့္ပါတယ္။
AUTHOR – Dr. CST
(Unicode)
သွေးဆိုတာ အရည်တစ်ခုပါပဲ။ အရည်ဆိုတာ စီးနေရပါတယ်။ သွေးဆိုတာလည်း စီးနေဖို့လိုပါတယ်။ သွေးပျစ် လာတာနဲ့အမျှ ကောင်းကောင်း မစီးနိုင်တော့ပါဘူး။ သွေးပျစ်တာမျိုးဖြစ်လာရင် မစီးနိုင်တာတင်မကဘဲ သွေးခဲ တွေဖြစ်ပြီး သွေးကြောပိတ်တာတွေ ဖြစ်လာနိုင်ပါတယ်။
သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး ရှိပါတယ်။ သွေးနီဥဖြစ်ဖြစ်၊ သွေးဖြူဥဖြစ် ဖြစ်၊ သွေးဥမွှားပဲဖြစ်ဖြစ်၊ သွေးရည်ကြည်ထဲက ပါဝင်ပစ္စည်းတွေပဲဖြစ်ဖြစ် ပုံမှန်ရှိသင့်တာထက် ပိုများလာတာနဲ့ သွေးပျစ်တာဖြစ်လာနိုင်ပါတယ်။
သွေးပျစ်တာက ရောဂါတွေအများကြီး ရှိပါတယ်။ မျိုးရိုးလိုက်တဲ့ ရောဂါလည်းရှိတယ်။ အလိုလိုဖြစ်လာတာ လည်းရှိတယ်။ ကင်ဆာရောဂါတွေလည်းရှိတယ်။ တခြားအနေနဲ့ သွေးတိုးရောဂါ၊ နာတာရှည် အဆုတ်ရောဂါ များ၊ မွေးရာပါ နှလုံးရောဂါတစ်မျိုး၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတွေကြောင့်လည်း ဖြစ်တတ်ပါ တယ်။ တချို့ဆေးတွေ ကြာရှည်သုံးရတဲ့အခါလည်း ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့်-ပဋိသန္ဓေတားဆေးများ၊ ဆီးဆေးများ၊ ကင်ဆာဆေးများ သွင်းခြင်း၊ သွေးနီဥများစေရန် Erythropoietin ထိုးနေရခြင်း၊ ဆေးသွင်းပြီး ဓာတ်မှန်ရိုက်ခြင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
သွေးပျစ်ခြင်းက သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ ဆံချည်မျှင်သွေးကြော စသဖြင့် သွေးကြောတိုင်းမှာ ဖြစ် နိုင်ပါတယ်။ တချို့ကဘာရောဂါ လက္ခဏာမှ မခံစားရဘဲ သွေးစစ်ရင်းတွေ့တာလည်း ဖြစ်နိုင်ပါတယ်။ တချို့က တစ်ခုခုခံစားရလို့ သွေးစစ်မှသိတာလည်း ဖြစ်တတ်ပါတယ်။ သွေးပျစ်ခြင်းကြောင့် ခေါင်းမူးခြင်း၊ ခေါင်းကိုက် ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ နားအူခြင်း၊ ထုံကျင်ခြင်း၊ လှုပ်ရှားမှုအားနည်းလာခြင်း၊ အမြင်အာရုံတဖြည်း ဖြည်းကျလာခြင်း၊ ရုတ်တရက်မမြင်ရတော့ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခြေထိပ်လက်ထိပ်များ နာကျင်ခြင်း၊ ခြေထောက်သွေးကြောပိတ်ခြင်း၊ ရေနွေးချိုးပြီးတဲ့အခါ အသားယားလာခြင်းများ ဖြစ်တတ်ပါတယ်။
သွေးပျစ်နေတုန်းမှာတော့ ရောဂါလက္ခဏာတွေက ဖြည်းဖြည်းချင်းခံစားနေရတာ ရှိနိုင်ပေမယ့် သွေးကြောပိတ် တဲ့အခါမှာတော့ ပိတ်တဲ့သွေးကြောအလိုက် ချက်ချင်းအသက်အန္တရာယ် ထိခိုက်စေတာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့်လည်း ဖြစ်တဲ့အကြောင်းပေါ်မူတည်ပြီး ချက်ချင်းကုသဖို့ လိုအပ်ပါတယ်။ လိုအပ်လာရင် များနေတဲ့ သွေးဆဲလ်တွေကို ထုတ်ပေးရတတ်ပါတယ်။ သွေးကျဲဆေးသောက်ဖို့လည်း လိုနိုင်ပါတယ်။ သွေးကြောပိတ်ခြင်း မှကာကွယ်ဖို့ တခြားဆေးများလည်း လိုအပ်သလို သောက်ရတတ်ပါတယ်။
သွေးပျစ်တာက ရောဂါအခံတစ်ခုခုကြောင့် ဆိုရင်ဖြစ်နေတဲ့ ရောဂါကိုပါ ကုသဖို့လိုပါတယ်။ အပြီးပျောက်တယ်၊ မပျောက်ဘူးဆိုတာက ဘာကြောင့်သွေးပျစ်လာတာလဲကို ပြန်ကြည့်ရပါတယ်။ ရလဒ်က အမျိုးမျိုးပါ။ တချို့တွေ လည်းနှစ်ပေါင်းများစွာ ကျန်းကျန်းမာမာနေနိုင်ပါတယ်။ တချို့လည်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်နေရုံတင်မကဘဲ သုံးလတစ်ခါလောက် သွေးစစ်ပြီး သက်ဆိုင်ရာ ဆရာဝန်များနဲ့လည်း တိုင်ပင် သင့်ပါတယ်။
AUTHOR – Dr. CST