မြန်မာနိုင်ငံမှာရော ကမ္ဘာမှာပါ အနာကြီးရောဂါ ဖြစ်ပွားနှုန်းက ကျဆင်းလာတယ်ဆိုပေမယ့် အသစ်ဖြစ်နေတဲ့သူတွေ ရှိပါသေးတယ်
အနာကြီးရောဂါကို တချို့ကတော့နူနာရောဂါလို့ခေါ်တတ်ကြပေမယ့် အနာကြီးရောဂါလို့ပဲ နောက်ပိုင်းမှာသုံးစွဲလာကြတယ်။
အနာကြီးရောဂါက အပူပိုင်းဒေသတွေမှာ ပိုဖြစ်တတ်ပါတယ် Mycobacteria leprae လို့ခေါ်တဲ့ ပိုးကြောင့်ဖြစ်တာပါ ဒီပိုးက ရောဂါရှိသူနဲ့ လူကောင်းကြားမှာ အထိအတွေ့ကြောင့်လည်းကူးနိုင်တယ် အသက်ရှူလမ်းကြောင်းကနေတဆင့်လည်းကူးနိုင်တယ် အခုနောက်ပိုင်းအင်းဆက်တွေကနေတဆင့်တောင် ကူးနိုင်တယ်ပြောကြပါတယ်။
အနာကြီးရောဂါက အရေပြားမှာ အကွက်တွေဖြစ်နိုင်တယ် အာရုံကြောတွေထိနိုင်တယ် အသက်ရှူလမ်းကြောင်းနဲ့ မျက်စိကိုလည်းထိစေတတ်တယ်။
အရေပြားအကွက်ကတတစ်ကွက်တည်းလည်းဖြစ်နိုင်တယ် ကြီးတာရောသေးတာရောဖြစ်နိုင်တယ် ဘေးအသားနဲ့ သိပ်ပြီးတော့သိသိသာသာ မကွဲဘူး။ စမ်းကြည့်တဲ့အခါထုံနေတတ်တယ် ရေနွေးပူလောင်လို့လည်း မသိတတ်ကြဘူး တချို့ အရေပြားမှာ အကွက်တင်မကဘူး အနာလိုမျိုးဖြစ်နေတယ် ခြောက်မနေဘဲ စိုစိစိုစိဖြစ်နေတတ်တယ် အရေပြားမှာ အထူးသဖြင့်ခြေသလုံးတွေမှာ အဖုလေးတွေလိုဖြစ်တတ်တယ် အဖုလေးတွေက မနာဘူးမယားတတ်ဘူး။
အာရုံကြောထိတဲ့နေရာမှ ဘယ်အာရုံကြောကိုမဆိုထိနိုင်တယ် တစ်ကိုယ်လုံးမှာဖြစ်နိုင်တယ် အာရုံကြောတွေယောင်နေတာလည်းဖြစ်နိုင်တယ် အာရုံကြောတွေ ကြီးပြီးတစ်ချောင်းတည်း သိသိသာသာပေါ်နေတာလည်းဖြစ်နိုင်တယ် လက်တွေခြေတွေတစ်နေရာတည်းကွက်ပြီးထုံကျင်တာတွေ ဖြစ်နိုင်တယ် လှုပ်ရှားမှုတွေပါ အားနည်းလည်းဖြစ်တတ်တယ်။
မျက်စိနဲ့ပက်သက်ရင် မျက်စိနာတာလည်းဖြစ်နိုင်တယ် မျက်စိကအာရုံကြောတွေထိတာလည်းဖြစ်နိုင်တယ် မျက်စိမမြင်ရတဲ့အထိလည်းဖြစ်နိုင်တယ်။
အနာကြီးရောဂါက ဖြေးဖြေးချင်းဖြစ်တာများပေမယ့် ရုတ်တရက်ကြီးအာရုံကြောယောင်တာလည်းရှိတတ်တယ် ထိတဲ့အာရုံကြောအလိုက် ရုတ်တရက်ကြီးအကြောသေတာမျိုးထိဖြစ်နိုင်ပါတယ်။
အနာကြီးရောဂါလို့ထင်ရတာနဲ့ အရေပြားဌာနမှာပြသကြည့်ရပါမယ် သေချာစမ်းသပ်ပြီး အနာကြီးရောဂါသေချာတယ်ဆိုရင် အရေပြားကို အသားစပုံစံစစ်ရပါတယ် ။အကောင်ရှိတာမရှိတာပေါ်မူတည်ပြီး ဆေးသောက်ရတာ ကွာခြားပါတယ်။
အနာကြီးရောဂါဖြစ်တဲ့သူတွေမှာ ဆေးကို ၆လ ဖြစ်စေ တစ်နှစ်ဖြစ်စေ စွဲသောက်ရတတ်ပါတယ် လိုအပ်သလိုလည်း ပြန်လည်ပြသရတာတွေကြောင့် သေသေချာချာဖိဖိစီးစီးကုသဖို့လိုပါတယ်။
Autho; Dr. CST