OnDoctor
The Greatest Gift

အင်ဂျလီနာ ဂျိုလီ

“နင်သိပြီးပြီးလား Brad Pitt နဲ့ အင်ဂျလီနာ ဂျိုလီတို့ ကွဲသွားပြီဆိုတဲ့အကြောင်း”

မနက်စောစော အလုပ်ခွင်ထဲကိုရောက်ခါနီးရှိသေးသည်။ နီနီက ဘေးတွင် ထိုင်နေသော စံပယ်အား လှမ်းမေးလိုက်သည်။
“Facebook မှာ သူတို့အကြောင်းတွေ ခဏခဏ တက်နေတာ ငါမြင်တာပေါ့”
“ဂျိုလီလေးသနားပါတယ်နော် ။ ငါက သူတို့ စုံတွဲကို အရမ်းသဘောကျတာ။ ကွဲသွားပြီဆိုတော့ ဝမ်းနည်းသလိုလိုပဲ”

“အေး”
စံပယ်ကမပြောချင်သလိုလိုနှင့်တစ်လုံးတည်းပြန်ပြောလိုက်သည်။
“ငါထင်တာကတော့ ဂျိုလီက ရင်သားကင်ဆာ ဖြစ်မှာ စိုးလို့ သူ့ရင်သားနှစ်ခုစလုံးကိုထုတ်ပစ်လိုက်တယ်။ ဒါကြောင့် Brad Pitt က မကြိုက်တော့တာများလား ”

-- Advertisement --

“ဗုဒ္ဓေါ”
စံပယ်တစ်လိုက် လန့်သွားသည်။ နီနီ အယူအဆတွေက အဆန်းပါလား။
“အဓိပ္ပာယ်မရှိတာတွေ နီနီရယ်။ သူတို့ဘာသာ သူတို့ သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲတဲ့ ကိစ္စမှာ ဘယ်နှယ့်လုပ် ရင်သားထုတ်တာက ပါလာရတာလဲ။ ဂျိုလီက မိန်းမထုအတွက် တော့ hero တစ်ယောက်ပဲ”
“ဘာ ဂျိုလီက Hero။ ဟုတ်လား။ ငါမသိပါလား”
နီနီတစ်ယောက် အထူးအဆန်းအနေနှင့် စံပယ်ကို လှမ်းမေးလိုက်သည်။ ဂျိုလီ Hero ဖြစ်သည့်ကိစ္စကို သူမသိပေ။
“နင်ဒါကိုတော့မသိဘူးလား။”

“အေး မြန်မြန်ပြောစမ်းပါ ငါမသိလို့”
“ဂျိုလီတို့ မိသားစု မျိုးရိုးက ရင်သားကင်ဆာမျိုးရိုး။ သူ့အမေနဲ့ အမကလည်း ရင်သားကင်ဆာဖြစ်တယ်။ သူ့အမမှာလည်း ရင်သားကင်ဆာဖြစ်တယ်။ ဂျိုလီက သူ့မှာလည်းရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာ သိတယ်။ ဒါကြောင့် ရင်သားကင်ဆာ ဖြစ်မဖြစ်ဆိုတာ တိုင်းလို့ရတဲ့ Marker တစ်ခုကို းစစ်ကြည့်တယ်။ Marker Positive ပြနေတယ်။ ဒါကြောင့် ဂျိုလီဟာ သူ့ရဲ့ရင်သားနှစ်ဖက်စလုံးကို ဖြတ်ထုတ်ပစ်လိုက်တယ်။ မိန်းမတစ်ယောက်ရဲ့သတ္တိရှိမှုတွေကို ဂျိုလီမှာ မြင်တွေ့နိုင်တယ်။ ဂျိုလီလိုမျိုး အမျိုးသမီးတော်တော်များများဟာ ရင်သားကင်ဆာဖြစ်မဖြစ်လိုက်ပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ကြတယ်။ ဒီလိုမျိုး marker ရှိတဲ့သူတိုင်းက ဂျိုလီလိုမျိုး ရင်သားတွေကိုကင်ဆာ မဖြစ်သေးခင်မှာပဲ ဖြတ်ထုတ်လိုက်ကြတယ်။ ”
“ဖြစ်မှထုတ်လည်း ရရဲ့သားနဲ့။ ”

“ဖြစ်မှထုတ်လို့မရဘူး။ နောက်ကျသွားတတ်တယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတာကို မင်းလည်း ကြားဖူးမှာပဲ။ ဖြစ်မှ ကုသတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲ။ အလုံးအကြိတ်ဆိုတာက ဘယ်အချိန်ဖြစ်လာမှာလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး။ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဟာ အဖြစ်အများဆုံးနဲ့ သေနှုန်းအမြင့်မှားဆုံးဖြစ်တယ်။ မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်ဖူးရင် သွေးစစ်ကြည့်ပြီး ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အကောင်းဆုံးပဲ”
“ရင်သားနှစ်ဖက်စလုံးထုတ်လိုက်တော့ကင်ဆာမဖြစ်နိုင်တော့ဘူးပေါ့”

“အင်းပေါ့”
“ဒါဆိုအခုဂျိုလီအခုရင်သားကရော။ပြားပြားကပ်ကပ်ကြီးဖြစ်နေရမှာပေါ့။”
“ဒါကတော့ ရင်သားကို အခြောက်တွေလိုမျိုး တစ်ခုခုအစားထိုးထည့်ထားတာပေါ့”
“အဲဒီရင်သားကရော ကင်ဆာမဖြစ်ဘူးလား”
“မဖြစ်ဖူး။ အဲဒီရင်သား အတုက ကင်ဆာမဖြစ်ဘူး”

“နင်ပြောမှပဲ ငါ့မလဲ ဂျိုလီအကြောင်းသိတော့တယ်။ ဒါနဲ့ သူက ဘာလို့ Hero လို့ခေါ်ရတာလဲ”
“မိန်းမတစ်ယောက် အနေနဲ့ သူ့ရဲ့ ရင်သားဟာ အရမ်းကို အရေးပါ အရာရောက်တယ်။ သူတို့လိုနိုင်ငံတွေမှာ ဆိုရင် ပိုဆိုးတာပေါ့။ အခု ဂျိုလီကိုယ်တိုင်က ရှေ့ဆောင်လမ်းပြအနေနဲ့ Marker positive ဖြစ်လို့ရင်သားကို ထုတ်လိုက်တယ်။ ရင်သားဖြတ်ထားတဲ့ မိန်းမတွေတော်တော်များများက စိတ်ဓာတ်ကျနေကြတယ်။ ဂျိုလီလို မင်းသမီးတောင် ရင်သားဖြတ်လိုက်တယ်ဆိုပြီး စိတ်ဓာတ်မကျတော့ဘူး။ ဒါအပြင် မဖြတ်ရသေးပဲ ချီတုန်ချတုန်ဖြစ်နေတဲ့ သူတွေအားလုံးကလည်း ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချနိုင်ကြတယ်။ အရင်ကဆိုရင် အမျိုးသမီးတစ်ယောက် ရင်သားကင်ဆာဖြစ်လို့ ရင်သားတစ်ခုလုံး ဖြတ်ထုတ်ပစ်မယ်လို့ပြောရင်တောင် အမျိုးသမီးတော်တော်များများက လက်မခံချင်ကြဘူး။ အခုတော့ သူတို့ရဲ့ Mindset ထဲမှာကို ပြောင်းလဲသွားပြီ။ သူတို့ ကင်ဆာဖြစ်ရင် ရင်သားနှစ်ဖက်စလုံးထုတ်ပစ်ရမယ်။ ဒါကြောင့် သူ့ကို အမျိုးသမီးထုအတွက် hero လို့ခေါ်တာ”
“ငါဒီအကြောင်းတွေမသိဘူးဟာ”

“အေး ငါလည်းငါ့အဒေါ်တစ်ယောက် ရင်သားကင်ဆာဖြစ်ရင်းနဲ့ ဆေးခန်းသွားပြတော့ ဆရာဝန်ရှင်းပြတာ။ အဲဒီတော့မှ ငါလည်း ဂျိုလီကိုလေးစားသွားတာ။ အရင်ကတော့ မင်းသမီးတစ်ယောက် အနေနဲ့ သဘောကျခဲ့တာ။ အခုတော့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ရဲရင့်မှုကို အားကျလို့မဆုံးဘူး”
“တော်တော် အားကျဖို့ကောင်းတာပဲနော်။ အခုကိစ္စကတော့ ရင်သား နှစ်ခုမရှိတော့တာနဲ့တော့ မဆိုင်လောက်ပါဘူးနော်”
“မဆိုင်ပါဘူး။ အခုကိစ္စက တခြားကိစ္စသက်သက်ပါ”
“ငါ့ အဘွားက ရင်သားကင်ဆာနဲ့ဆုံးသွားတာ။ ငါ့အမေမှာလည်းရှိမရှိ စမ်းသပ်ရမှာပေါ့နော်”
“စမ်းသပ်ရမှာပေါ့။ ရင်သားကင်ဆာဆိုတာ အသိနောက်ကျရင် သေဆုံးနိုင်တယ်။ အသိစောမှဖြစ်မှာ။”
“အိမ်ပြန်ရောက်ရင် ငါ့အမေကို ဆေးခန်းသွားပြလိုက်ပါဦးမယ်။”
“မြန်မြန်သွားနော် ဒါမျိုးဆိုတာနောက်ကျလို့ကောင်းတာမဟုတ်ဘူး။ ”
“အေးပါဟယ်”

တစ်နေ့ခင်းလုံး နီနီတစ်ယောက် စကားများများပြောမနေပဲ အတွေးတွေများနေမိသည်။ ညနေ အမေ့ကို ဆေးခန်းသွားပြရမည်။ ဂျိုလီ စစ်တာတွေလိုက်စစ်ကြည့်ရမည်။ လိုအပ်ရင် ခွဲစိတ်မှုတွေလည်းလုပ်ရမည်။ အမေ့ကို အဆုံးရှုံးမခံနိုင်ပါ။ ညနေခင်းကိုမြန်မြန်ရောက်ချင်လှပါပြီ။

Author – ဒေါက်တာအေးချမ်းမိုး

ဆက်စပ် ဆောင်းပါးများ
OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now !!!