ကလေးငယ်များနှင့် ပုံမှန်အိပ်စက်ခြင်းစက်ဝန်း

ဒီဆောင်းပါးမှာတော့ ကလေးသူငယ်များရဲ့ ပုံမှန် အိပ်စက်ခြင်း
အလေ့အထတွေ အကြောင်း ပြောပြပါ့မယ် ။

မွေးကင်းစ မှ အသက် ၄လ အရွယ် ကလေးများ
စုစုပေါင်း တစ်နေ့ အိပ်ချိန် – ၁၆-၁၈ နာရီ
ညဘက် အိပ်ချိန် – ၈-၉ နာရီ
နေ့ခင်း တရေးအိပ်ချိန် – ၈-၉ နာရီ
မွေးကင်းစ ကလေးငယ်တို့သည် တစ်ခါ အိပ်လျှင် ၂-၄ နာရီ ဆက်တိုက် အိပ်လေ့ရှိတယ် ။ပြီးရင် အိပ်ရာကနိုးတာနဲ့ နို့ဆာတတ်ကြတယ် ။ဒီအရွယ် ကလေး
ငယ်တို့ဟာ အိပ်နေရင် အငြိမ်မနေတတ် ။ဟိုလှုပ် ဒီလှုပ် ၊ခြေလက် ကလေးတွေ
တစ်ခါတစ်လေ လှုပ်တတ် ။ရံဖန်ရံခါ ပြုံးနေတတ် ။နို့စို့သလို တပြွတ်ပြွတ်နဲ့ အသံ
၊ အင်းအဲနဲ့ အော်သံတွေ ထွက်တတ် ။

၄လ အရွယ် မှ ၁နှစ်သားအရွယ် ကလေးများ
စုစုပေါင်း တစ်နေ့ အိပ်ချိန် – ၁၂-၁၆ နာရီ
ညဘက် အိပ်ချိန် – ၉-၁၀ နာရီ
နေ့ခင်း တရေးအိပ်ချိန် – ၄-၅ နာရီ
ဒီ အရွယ် ကလေးငယ်တို့ဟာ ညဘက် နို့မဆာတတ်ကြတော့ ။ဒါကြောင့်
ညဘက် တရေးနိုးခြင်းများနည်းသွားတယ် ။ကလေးတွေကို အိပ်ရာခွဲသိပ်တတ်က
ထိုကလေးတို့ အဖို့ကျတော့ ညဘက် ထထနိုးတတ် ။ငိုတတ် ။ဘာလို့လဲဆိုရင်
ကလေးတို့အဖို့ သူတို့ တရေးနိုးမြင်နေကျ မိဘတွေကို မမြင်ရတဲ့အခါ ခွဲခွာခြင်း
စိုးရိမ်စိတ်ကြောင့် ညဘက် ထနိုးတတ်ခြင်းပင် ။မိဘတွေ သတိမူစရာပင် ။

-- Advertisement --

၁နှစ် မှ ၂နှစ်သား ကလေးများ
စုစုပေါင်း တစ်နေ့ အိပ်ချိန် – ၁၁-၁၄ နာရီ
ညဘက် အိပ်ချိန် – ၁၀-၁၁ နာရီ
နေ့ခင်း တရေးအိပ်ချိန် – ၂-၃ နာရီ
ခုလို တောက်တောက် သွားတတ်တဲ့ အရွယ်လေးတွေ ကျတော့ ညဘက်
အိပ်ဖို့ တော်ရုံနဲ့ မလွယ် ။မိဘတွေနဲ့ အတူ လိုက်အိပ်ချင်တတ် ။

၃နှစ် မှ ၅နှစ်သား ကလေးများ
စုစုပေါင်း တစ်နေ့ အိပ်ချိန် – ၁၀-၁၃ နာရီ
ညဘက် အိပ်ချိန် – ၁၀-၁၃ နာရီ
နေ့ခင်း တရေးအိပ်ချိန် – ၁ နာရီ
ဒီအရွယ်လေးတွေကျတော့ ညအိပ်ဖို့ကို ဂဂျီဂဂျောင် ကျတတ် ။ညဘက်
အိပ်မက်ဆိုးတွေ မက်တတ် ။
မိခင် ဖခင်တို့အနေဖြင့် ကလေးငယ်တို့ရဲ့ အိပ်ချိန် စက်ဝန်းအကြောင်းကို
နားလည်ထားပါက မိမိတို့၏ ကလေးများ အိပ်ချိန် လုံလောက်ခြင်း ရှိ ၊မရှိ ချင့်ချိန်
နိုင်ကြပါတယ် ။
ကလေးငယ်တို့ရဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများကို နောက်ဆောင်းပါး
တွင် ဆက်လက်ဖော်ပြပါ့မယ်။

Author – ခေတ်သစ် ဇီဝက

READ :   အအေးမိခြင်း ၊တုပ်ကွေးဖျားနာနဲ့ အစားအသောက်

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ