အရိုးပျော့ရောဂါဟာ ကလေးများမှာ တွေ့ရလေ့ရှိတဲ့ ရောဂါဖြစ်တယ်။ သည်တစ်ပတ် ‘မင်္ဂလာမောင်မယ် ကျန်းမာရေး စကားဝိုင်း’မှာ ‘ကလေးအရိုးပျော့ရောဂါ’အကြောင်း ဆွေးနွေးထားပါတယ်။
မောင်- အရိုးပျော့ရောဂါဟာ ဘယ်အသက်အရွယ်မှာ ဖြစ်တတ်လဲဆရာ။
ဒေါက်တာမင်္ဂလာ-အသက်(၃)နှစ်မှ (၅)နှစ်အတွင်းအဖြစ်များတယ်။
မယ်- ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကရော ဆရာ။
ဒေါက်တာမင်္ဂလာ – လူရဲ့ခန္ဓာကိုယ်ဟာ ဇီဝဗေဒဖွဲ့စည်းပုံအရ အရိုးတစ်ခုနဲ့ တစ်ခုအကြား အရွက်များနဲ့ ကြားခံထားတယ်။ အရိုးပျော့သူများဟာ အရိုးအဆစ်များနဲ့ တွယ်ဆက်နေတဲ့ အမျှင်များ ပုံမှန်မဖြစ်တဲ့အတွက် သာမန်ထက်ပိုတဲ့ လုပ်ဆောင်ချက်များ လုပ်ဆောင်ကြရပါတယ်။ အရိုးတစ်ခုနဲ့ တစ်ခုကြား အရွက်များနဲ့ ကြားခံထားတယ်။ အရိုးပျော့သူများဟာ အရိုးအဆစ်များနဲ့ တွယ်ဆက်နေတဲ့ အမျှင်များ ပုံမှန်မဖြစ်တဲ့အတွက် သာမန်ထက်ပိုမိုတဲ့ လုပ်ဆောင်ချက်များ လုပ်ရပါတယ်။
မောင်-အရိုးပျော့ခြင်းဟာ သာမန်ရောဂါ တစ်မျိုးပဲမဟုတ်လား ဆရာ။
ဒေါက်တာမင်္ဂလာ – အရိုးပျော့ခြင်းဟာ သာမန်အားဖြင့် ရောဂါအဖြစ် မပြင်းထန်ပေမယ့် အသက်အရွယ်ကြီးပါက နောက်ဆက်တွဲ ရောဂါဖြစ်တတ်တယ်။
မယ်-အရိုးပျော့အတွက် နောက်ဆက်တွဲ ရလဒ်များအကြောင်း ရှင်းပြပါဆရာ။
ဒေါက်တာ မင်္ဂလာ– အရိုးအဆစ်များ ပျော့လွန်းသူများဟာ သာမန်ထက် နှစ်ဆပိုပြီး လှုပ်ရှားရလို့၊ အရိုးအဆစ်များ နှစ်ဆဒဏ်ဖြစ်ကာ အရွယ်မကြီးရင့်မီ အရိုးအဆစ်ပွန်းပြီး အရိုးရောဂါဖြစ်နိုင်တယ်။ နှလုံးအမြှေးပါး ပျော့သူများစာ နှလုံးအဆို့ရှင် မလုံတဲ့ရောဂါ ဖြစ်နိုင်တယ်။
မောင် – သွေးလွှတ်ကြောမကြီး ပျော့သူများအတွက်ကရော ဆရာ။
ဒေါက်တာမင်္ဂလာ – သွေးလွှတ်ကြောမကြီး ပျော့သူများအတွက် သွေးတိုးတဲ့ ဒဏ်မခံနိုင်ပဲ၊ သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ဖြစ်စေနိုင်လို့ ဆရာဝန်နဲ့ပြကာ၊ သွေးကြောထိန်းဆေး။ သွေးတိုးကျဆေးတို့နဲ့ သွေးမတိုင်းအောင် ထိန်းထား ရမယ်။
မယ် – မျက်လုံးမှာ ထိန်းထားတဲ့ အမြှေးပါးအတွက်ကရော ဆရာ။
ဒေါက်တာမင်္ဂလာ – မျက်လုံးမှာ ထိန်းတားတဲ့ အမြှေးပါးပျော့နေပါက မျက်လုံးထဲရှိ မှန်ဘီလူးကို မထိန်းနိုင်တော့ပဲ မှန်ဘီလူး ကျွတ်ထွက်တတ်တယ်။ တစ်ခါတစ်ရံ ရုတ်တရက် လေဖြတ်ပြီး အဆုတ်ထဲသွေးခဲနေတတ်တယ်။
မောင်-သာမန်ထက်ပိုပြီး အရပ်ရှည်တယ်နော် ဆရာ။
ဒေါက်တာမင်္ဂလာ – သာမန်ထက် ပိုပြီး အရပ်ရှည်တတ်တယ်။ အရိုးပျော့ရောဂါ ကြာရှည်ခံစားရပါက နောက်ဆက် တွဲများဖြစ်စေတယ်။ မွေးရာပါ ဗီဇမှာ အရွက်ကလေးများထဲရှိ အမျှင်များ ပုံမှန်ရှိသင့်သည်ထက် ပိုရှည်ရင်း၊ အရပ် ပိုရှည်တဲ့အပြင် လက်ချောင်းများပါ သွယ်ပြီး ရှိသင့်သည်ထက် ပိုရှည်တတ်တယ်။
မယ် – အရိုးပျော့သူများအတွက် ကြိုတင်ကာကွယ်ခြင်း ဆိုတာကရော ဆရာ။
ဒေါက်တာမင်္ဂလာ – မွေးရာပါ အရိုးပျော့ရောဂါမှတစ်ပါး အခြားအရိုးပျော့ရောဂါများမှာ ကြိုတင်ကာကွယ်ခြင်းနဲ့ နောက်ဆက်တွဲရောဂါ တားဆီးနိုင်တယ်။ ငယ်ရွယ်စဉ်အခါကပင် အရိုးပွန်းစားခြင်းမှ ကာကွယ်နိုင်ဖို့ ဆရာဝန်နဲ့ ပြရမယ်။ အရိုးပျော့ရောဂါရှင်များ အရိုးပွန်းစားခြင်းမှ ကာကွယ်နိုင်ဖို့ ဂလူကို ဆမင်းနဲ့ ကွန်ဒရိုတင် (Glucosamine, Chondroitin) နှစ်မျိုးပါတဲ့ ဆေးသောက်သုံးသင့်တယ်။
မောင်– နှလုံးနဲ့သွေးတိုးရောဂါမဖြစ်အောင် ဆင်ခြင်ရမှာပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ – နှလုံးနဲ့ သွေးတိုးရောဂါ မဖြစ်အောင် ဂရုပြုရမယ်။ ဆရာဝန်နဲ့ပြရမယ်။ နှလုံးထိန်းဆေး၊ သွေးတိုးကျဆေး သောက်သင့်တယ်။ အလုပ်ရှည်တဲ့ ရောဂါရှိသူများဟာ ဖောလစ်အက်စစ်ဆေး သောက်သင့်တယ်။ လောလစ်အက်စစ်ဓာတ်ပါတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ပေါင်မုန့်ကြမ်း၊ နွားနို့နဲ့ နို့ထွက်ပစ္စည်းများ စားသုံးသင့်တယ်။
မယ်– နောက်ဆက်တွဲရောဂါကရော ဆရာ။
ဒေါက်တာမင်္ဂလာ – နောက်ဆက်တွဲရောဂါဟာ အရိုးပျော့ရောဂါရှင်များအတွက် မလွဲမသွေခံစားရမယ့် ရောဂါဖြစ်လို့ သင့်တင့်တဲ့ အစားအစာ၊ သင့်တင့်တဲ့ နေထိုင်နည်းပုံစံတို့နဲ့ နေထိုင်စားသောက်သင့်သလို မသင့်တဲ့ပုံစံ အမှားများ ရှောင်ကြဉ်ရမယ်။
မောင် – အရိုးပျော့သူများဟာ ဘယ်လိုနေထိုင်သင့်ပါသလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – အရိုးပျော့ ရောဂါများဟာ ပုံမှန်လှုပ်ရှားမှုထက် လွန်လွန်ကဲကဲ မလုပ်သင့်ပါ။ လက်လှန်ချိုးခြင်း၊ ခြေထောက်နှစ်ချောင်းကြား ခေါင်းဝင်ပြုခြင်း၊ ခါးလှန်ချိုးပြခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုများ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ရင်း အရိုးနုများ ပွန်းလာပြီး အသက်ရွယ် မကြီးရင့်မီ အရိုးရောဂါရနိုင်တယ်။ ဘောလုံးကန်ခြင်း၊ ဘောလုံးလုခြင်း၊ ဂျူဒို၊ ကာရာတေးလို လှုပ်ရှားမှုလွန်ကဲတဲ့ အားကစားနည်းများနဲ့ တိုက်တိုက်တွန်းတွန်း အားကစားနည်းမျိုး မကစားသင့်ပါ အားကစားနည်းမှာ ရေကူးခြင်း၊ ဂေါက်ရိုက်ခြင်း၊ လေ့ကျင့်ခန်းအပေါ့စားယူပြီး လုပ်သင့်ပါတယ်။ နေ့စဉ် အားကစား နာရီဝက်၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လုပ်သင့်တယ်။
မယ် – အရိုးပျော့ရောဂါရှိသူ ကျောက်ကပ်လဲ မကောင်းတတ်ဘူးနော် ဆရာ။
ဒေါက်တာ မင်္ဂလာ – ဟုတ်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်း ပိုဝင်ခြင်း၊ အားနည်းခြင်းမျိုးဖြစ်တတ်တယ်။
မောင် – အရိုးပျော့ရောဂါရှိသူနဲ့ သင့်တင့်တဲ့ အစားအစာတွေကရော ဆရာ။
ဒေါက်တာမင်္ဂလာ – အရိုးပါတဲ့ ငါးကလေးများ တစ်ပတ်(၃)ရက်ချက်စားရမယ်။ ငါးမန်းတောင်နဲ့ တိရစ္ဆာန်ရဲ့ အရိုးနုများပြုတ်သောက်ရမယ်။ ဗီတာမင်ဘီဓာတ် ကြွယ်ဝတဲ့ ပေါင်မုန့်ကြမ်း၊ ဆန်လုံးညိုစားရမယ်။ ဗီတာမင်စီဓာတ်ပါတဲ့ လိမ္မော်သီး၊ သံပုရာသီး၊ ဆီးဖြူသီး၊ ချဉ်ပေါင်ရွက်များ တစ်ပတ်မှာ သုံးရက် စားသုံးရမယ်။ ဗီတာမင်အီးကြွယ်ဝတဲ့ အခွံမာအသီးများ၊ ပဲပင်ပေါက်၊ နှမ်းဆီ၊ ဝါစေ့ဆီ၊ နေကြာဆီ စားသုံးပေးရမယ်။ သွပ်ဓာတ်ကြွယ်ဝတဲ့ ကိုကိုး၊ ရွှေဖရုံသီးနဲ့ ရွှေဖရုံစေ့များ မုန်လာဥ၊ ဂေါ်ဖီထုပ်၊ တရုတ်နံနံစားရမယ်။
မယ် – အရိုးပျော့ရောဂါနဲ့ မသင့်တဲ့ အစားများကရော ဆရာ။
ဒေါက်တာမင်္ဂလာ – ပြုပြင်ထားတဲ့ အသင့်အမြန်စား စနက် (ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဖာမုန့်များ၊ ငါးသေတ္တာများ၊ အချိုရည်ဘူး၊ ဆီကြော်မုန့် အမျိုးမျိုးနဲ့ အာလူးကြော်၊ ချောကလက်အမျိုးမျိုး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်ကောင်း၊ ဝက်အူချောင်းနဲ့ ကြက်အူချောင်း လုံးဝရှောင်သင့်ပါတယ်။
မောင် – အရိုးပျော့နဲ့ သင့်တင့်တဲ့ ဗီတာမင်အုပ်စုများကရော ဆရာ။
ဒေါက်တာမင်္ဂလာ – ဗီတာမင်ဘီ ကွန်ပလက်အုပ်စု၊ ဗီတာမင်ဒီ (၁)မှ (၃)ဂရမ် နေ့စဉ်စားရမယ်။ ဗီတာမင်ဒီ ဖြည့်စွက်စာ၊ အိုမီဂါ (၃)၊ အိုမီဂါ(၆)၊ ငါးကြီးဆီ တစ်နေ့တစ်တောင့် စားရမယ်။ ငါးမန်းတောင်နဲ့ တိရစ္ဆာန်အရိုးနုတို့မှထုတ်တဲ့ (Glucosamine, Chondroitin) နှစ်မျိုးပါဝင်တဲ့ ဆေးဝါးများ သောက်သုံးသင့်တယ်။
မယ် – ကြိုတင်ကာကွယ်ခြင်းအကြောင်း ရှင်းပြပါ ဆရာ။
ဒေါက်တာမင်္ဂလာ – အရိုးပျော့ကလေးများအတွက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံး နောက်ဆက်တွဲ ရောဂါများ ပတ်သက်ခြင်းဖြစ်တယ်။ ကလေးငယ်ရွယ်စဉ်မှာ စတင်ဖြစ်ပွားလေ့ရှိပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ နောက်ဆက်တွဲ ဝင်ရောက်ကာ အသက်အန္တရာယ်ဖြစ်တဲ့အထိ ဖြစ်တတ်ပါတယ်။ စောင့်ကြည့်ဖို့တော့ လိုမယ်။
မောင် – စောစောကုသမှုခံရင် အကောင်းဆုံးပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ ‘အရိုးပျော့ရောဂါ’ရှိရင် မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ မွေးရာပါ အရိုးပျော့ကလေးများ မွေးဖွားရင် ဆောင်ရန်၊ ရှောင်ရန်များလိုက်နာရမယ်။ နွားနို့နဲ့ အရိုးပါတဲ့ ငါးလေးများ ကျွေးရမယ်။ နေပူစာလှုံရမယ်။ မိသားစု ဆရာဝန်နဲ့ ပြသင့်ပါတယ်။
Author: ဒေါက်တာမင်္ဂလာ, Healthcare Journal, vol 8,no 33 (1.9.17)